string(209) "/mm/helpcenter/wave-money-%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%80%e1%80%90%e1%80%85%e1%80%ba%e1%80%86%e1%80%84%e1%80%b7%e1%80%ba-%e1%80%84%e1%80%bd%e1%80%b1%e1%80%9c%e1%80%bd%e1%80%be%e1%80%b2-4"

Wave Money ဆိုင်ကတစ်ဆင့် ငွေလွှဲပြီးမှ လျှို့ဝှက်နံပါတ် ၆လုံးနဲ့ လုပ်ငန်းစဉ်နံပါတ်ပါတဲ့ မက်ဆေ့ချ်ကို ဖျက်မိသွားရင် ဘာလုပ်ရမလဲ?

Wave Money ဆိုင်ကတစ်ဆင့် ငွေလွှဲပြီးမှ လျှို့ဝှက်နံပါတ် ၆လုံးပါတဲ့ မက်ဆေ့ချ်ကို ဖျက်မိသွားခဲ့ရင် ငွေလွှဲသူက ငွေလွှဲလိုက်တဲ့ Wave Money ဆိုင်မှာပဲ လျှို့ဝှက်နံပါတ်အသစ်၆လုံးကို ပြောင်းပေးဖို့ တောင်းဆိုနိုင်သလို၂၄နာရီ ဝန်ဆောင်မှုပေးနေတဲ့ Wave Money Call Center ကိုလည်း ဆက်သွယ်ပြီး အကူအညီရယူနိုင်ပါတယ်။ လျှို့ဝှက်နံပါတ်အသစ်ရရင် ငွေလက်ခံမယ့်သူကို တိုက်ရိုက် ပြန်ပေးနိုင်ပါတယ်။    Wave Money Call Center ကို ဆက်သွယ်မယ်ဆိုရင် တယ်လီနောဖုန်းသုံးတဲ့သူတွေက 900 နဲ့ တခြားအော်ပရေတာသုံးတဲ့သူတွေကတော့ 09790009000 ဆိုတဲ့ နံပါတ်တွေကို ခေါ်ဆိုပြီး မေးမြန်းနိုင်သလို အပြာရောင် အမှန်ခြစ်လေးပါတဲ့ Wave Money official Facebook page ရဲ့ Messenger ကိုလည်း ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါတယ်။

Wavemoney © 2026. All rights reserved.Developed by B360

chat icon